သဘာဝပါတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ခြင်း
ကျွန်ုပ်တို့ကြောင့် ဖြစ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအား ကာကွယ်ရန်ပြင်ဆင်သည့်အနေနှင့် ပြန်လည်အသုံးပြုခြင်း ၊လျှော့ချခြင်း နှင့် အသုံးပြုရန် ငြင်းပယ်ခြင်း စသည့်
3R စည်းမျဉ်းစည်းကမ်းတို့အား လိုက်နာကျင့်သုံး၍ သဘာဝပါတ်ဝန်းကျင်အလေးထားသော ကုမ္ပဏီတစ်ခုအဖြစ် ဂုဏ်ယူစွာတည်ရှိနေပါသည်။
- ရေကြောင်းသုံးပို့ဆောင်ရေး ကွန်တိန်နာများအား အဆောက်အဦး၏ အခြေခံအနေနှင့် ပြန်လည်အသုံးချခြင်းသည် ကွန်တိန်နာအသစ်များအသုံးပြုမှုကို ထင်ရှားသော အတိုင်းအတာ တစ်ခုအထိ လျော့ကျစေပါသည်။ ကျွန်ုပ်တို့၏ module များသည် မူလတန်ဖိုးလျော့ကျခြင်းမရှိပဲ လွယ်ကူစွာ ဖြုတ်၍ရသောကြောင့် သက်တမ်းတစ်ပါတ်လည်အသုံးပြု၍ရပါသည်။
- ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းသောအပူခံစနစ်ပါဝင်ပြီး အပူဒဏ် / အအေးဒဏ်ကို အနည်းဆုံးအထိ လျော့ချပေးပါသည်။ အလင်းရောင်နှင့် စွမ်းအင်လုံလောက်မှုရှိသောကြောင့် ငွေကြေးချွေတာနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရာရောက်ပါသည်။ မြန်မာနိုင်ငံတွင်ရှာ၍ရသော သဘာဝပါတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ကုန်ကြမ်းပစ္စည်းများအား တတ်နိုင်သမျှအသုံးပြုပေးထားပါသည်။
- လုပ်ငန်းမှစွန့်ပစ်ပစ္စည်းအများစုအားပြန်လည်အသုံးပြုပါသည်။
ပြည်တွင်း လုပ်အားအသုံးချမှုနှင့် စီးပွားရေး
ဝန်ထမ်းများကို အရည်အသွေးထိန်းချုပ်မှုနှင့် ဆောက်လုပ်ရေးနည်းပညာများအား အချိန်များစွာပေး၍လေ့ကျင့်သင်ကြားပေးသကဲ့သို့ ကုမ္ပဏီ၏လုပ်ငန်းစဉ်များကိုလည်းအချိန်နှင့်
တစ်ပြေးညီအသိပေးသင်ကြားပေးနေပါသည်။ ပြည်တွင်းစီးပွားရေးအား အထောက်အကူပြုသောအနေနှင့် သက်ဆိုင်သောနေရာများတွင် ပြည်တွင်းကုန်ကြမ်းများအား တတ်နိုင်သမျှ အသုံးပြုပါသည်။
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး
စက်ရုံစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုံခြုံစိတ်ချရသော လုပ်ငန်းခွင်နှင့် လုပ်ငန်းသုံးပစ္စည်းများအား ပံ့ပိုးပေးပါသည်။
အကြွင်းမဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဖြစ်မြောက်စေရန် အစွမ်းကုန်အားသွန်ခွန်စိုက်ကြိုးပမ်းလျှက်ရှိပါသည်။