အရည်အသွေးမြင့် အပန်းဖြေအိမ်

ကျွန်ုပ်တို့၏ “Modular Home” ကုန်ပစ္စည်းအမျိုးအစားသည် တစ်ဦးတစ်ယောက်သုံး သို့မဟုတ် ဟိုတယ်လုပ်ငန်းသုံးအထိရရှိနိုင်ပြီး Module တစ်ခုမှစ၍ “L” ထောင့်ချိုးပုံစံရှိသော ကျယ်ဝန်းသည့် အပန်းဖြေအိမ်ပုံစံများအထိရရှိနိုင်ပါသည်။

ကုန်ပစ္စည်းအရည်အသွေးအားမီးမောင်းထိုးပြခြင်း

ကုန်ပစ္စည်း အသစ်ဖြစ်ပါသည်! ဤအဆောက်အအုံများသည် ကျွန်ုပ်တို့၏ လူကြိုက်များ ထုတ်ကုန်ပစ္စည်းဖြစ်သော “ Modular Building” ၏ ပုံစံကွဲ အမျိုးအစားဖြစ်ပြီး တူညီသော အသေးစိတ်ပုံစံနှင့် အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်း အသုံးပြုပုံမှာတူညီပါသည်။

ကုန်ပစ္စည်းပုံစံများ

Indoor area: 14,8 m2 (160 ft2 )

သီးသန့်အိမ်ငယ်လေး - သက်တောင့်သက်သာရှိသော အပန်းဖြေအိမ်

သီးသန့်အိမ်ငယ်လေးသည် ပူပြင်းနေ့ရက်များတွင် သက်တောင့်သက်သာနဲ့ ဇိမ်ကျကျ အနားယူနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။
ကျစ်လစ်သိပ်သည်းတဲ့ပုံရှိသော်လည်း နှစ်ယောက်အိပ်ကုတင်ဆန့်၍ ဧည့်ခန်း/အိပ်ခန်း ရောစပ်ထားသော နေရာအပြင် ရေချိုးရန်နေရာ၊ အိမ်သာ နှင့် လက်ဆေးကန်ပါပြီး အမှန်တကယ်အသုံးဝင်သော သန့်စင်ခန်းတစ်ခုလည်း လုံလုံလောက်လောက်ထည့်၍ရပါသည်။
ပြတင်းပေါက်အတိုင်းအတာနှင့်နေရာထားသိုမှုများသည် အပူဒဏ်များအား မဝင်ရောက်စေပဲ အလင်းရောင်လုံလုံလောက်လောက်ပေးနိုင်သည့် အပြင် သဘာဝလေဝင်လေထွက် စနစ်သည်လည်း လေအေးပေးစက်မပါပဲ နေရော ညပါ သက်တောင့် သက်သာရှိစေရန် ကူညီပေးပါသည်။
တောင်ပေါ်ဒေသများနှင့် ကမ်းခြေနေရာများတွင် တရားထိုင်ရန်ဖြစ်ဖြစ်၊ သူငယ်ချင်းများအား ဧည့်ခံရန်ဖြစ်ဖြစ် သို့မဟုတ်ရင် တစ်ယောက်တည်း အေးအေးဆေးဆေးနေရန်ဖြစ်ဖြစ် သင့်တော်ပါသည်။

The Cabin XL - ဟိုတယ်အပန်းဖြေအိမ်

The Cabin XL သည် မူလဒီဇိုင်းထက် ပို၍ကျယ်သော ပုံစံဖြစ်ပါသည်။
ယခုပုံစံသည် ပြီးပြည့်စုံသောသန့်စင်ခန်းတစ်ခုနှင့် နှစ်ယောက်အိပ်ကုတင်ဆန့်သည့်အပြင် ဆိုဖာနှင့် ပုံမှန်အလုပ်စားပွဲတစ်ခုပါဝင်ပါသည်။ (ရွေးချယ်၍ရသော) မီးဖိုချောင်သည် အိမ်၏ပုံစံကိုပိုမိုပြည့်စုံစေပြီး ရက်ရှည်နေထိုင်ရန်အတွက်သင့်လျော်ပါသည်။
ကြီးမားသော ပြတင်းပေါက်ပါဝင်သဖြင့် အပူဒဏ်များ မဝင်ရောက်စေပဲ အလင်းရောင်လုံလုံလောက်လောက်ပေးနိုင်သည့်အပြင် သဘာဝလေဝင်လေထွက်စနစ်သည်လည်း လေအေးပေးစက်မပါပဲ သက်တောင့်သက်သာရှိစေရန် ကူညီပေးပါသည်။
တစ်နေ့တာလှုပ်ရှားမှုများအပြီးတွင် သီချင်းနားထောင်လျက် လှပသော နေဝင်ချိန်ကို အအေးသောက်ခံစားရင်း အနားယူရန်သင့်တော်ပါသည်။
Indoor area: 29 m2 (320 ft2 )
Indoor area: 29 m2 (320 ft2 )

The "L" shape - ပြီးပြည့်စုံတဲ့ အပန်းဖြေအိမ်

ရောင်းအားအကောင်းဆုံးပုံစံဖြစ်ပြီး – ပြီးပြည့်စုံသော အပန်းဖြေအိမ်တစ်ခု၏ ပုံစံအမှန်လည်းဖြစ်ပါသည်။ “L” ထောင့်ချိုးပုံစံရှိကြောင့် အိမ်တွင်းနှင့် အိမ်ပြင်ကြားက နယ်နမိတ်စည်းကို မေ့ပျောက်သွားစေပါသည်
ပင်မအိပ်ခန်းဆောင်သည် ဆိုဒ်အပြည့် နှစ်ယောက်အိပ်ကုတင်အကြီးတစ်ခု နှင့် လှပပြီးကျစ်လစ်သော သန့်စင်ခန်းတစ်ခုထားရှိရန်နေရာလုံလောက်ပါသည်။ ဧည့်ခန်းတွင် သက်တောင့်သက်သာရှိသော ဆိုဖာတစ်ခု ၊ တီဗွီတစ်စုံနှင့် အနားယူရန်အဆင်ပြေသည့်အပြင် ထမင်းစားစားပွဲနှင့် (ရွေးချယ်၍ရသော) မီးဖိုချောင်တစ်ခုပါ ထည့်သွင်းနိုင်ပါသေးသည်။
ပြတင်းပေါက်နှင့် တံခါးများသည် ကျယ်ဝန်း၍ (ရွေးချယ်၍ရသော) ပြင်ပကွပ်ပျစ်သို့ဖွင့်၍ရသောကြောင့် စားသောက်စရာများအား ပြင်ပသို့ယူဆောင်ကာ အေးဆေးစွာ စားသောက်နိုင်ပါသည်။
“ L” shape သည် အိပ်ယာအပို သို့မဟုတ် ပုံပြောင်းဆိုဖာထားရှိ၍ရပြီး လူ ၄ ယောက်နေထိုင်နိုင်ပါသည်။ သင်နှစ်သက်ပါလိမ့်မည်။

စိတ်ကြိုက်ပြောင်းလဲနိုင်သောပုံစံများ

ကျွန်ုပ်တို့၏ ဒီဇိုင်းကိုနှစ်သက်သော်လည်း သင့်တွင်ကိုယ်ပိုင်စိတ်ကူးရှိနေပါသလား ? စိတ်မပူပါနှင့်! ကျွန်ုပ်တို့ကညှိနှိုင်းဆောင်ရွက်ပေးပါသည်! အတူတူညှိနှိုင်းဆောင်ရွက်ကာ သင့်၏ ငွေအတိုင်းအတာ၊ လိုအပ်ချက်များနှင့်ကိုက်ညီသော စိတ်တိုင်းကျပြုပြင်မှုများပြုလုပ်ဆောင်ပေးပါသည်။