သဘာဝပါတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ခြင်း

ကျွန်ုပ်တို့ကြောင့် ဖြစ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအား ကာကွယ်ရန်ပြင်ဆင်သည့်အနေနှင့် ပြန်လည်အသုံးပြုခြင်း ၊လျှော့ချခြင်း နှင့် အသုံးပြုရန် ငြင်းပယ်ခြင်း စသည့် 3R စည်းမျဉ်းစည်းကမ်းတို့အား လိုက်နာကျင့်သုံး၍ သဘာဝပါတ်ဝန်းကျင်အလေးထားသော ကုမ္ပဏီတစ်ခုအဖြစ် ဂုဏ်ယူစွာတည်ရှိနေပါသည်။

ပြည်တွင်း လုပ်အားအသုံးချမှုနှင့် စီးပွားရေး

Made in Myanmar
ဝန်ထမ်းများကို အရည်အသွေးထိန်းချုပ်မှုနှင့် ဆောက်လုပ်ရေးနည်းပညာများအား အချိန်များစွာပေး၍လေ့ကျင့်သင်ကြားပေးသကဲ့သို့ ကုမ္ပဏီ၏လုပ်ငန်းစဉ်များကိုလည်းအချိန်နှင့် တစ်ပြေးညီအသိပေးသင်ကြားပေးနေပါသည်။ ပြည်တွင်းစီးပွားရေးအား အထောက်အကူပြုသောအနေနှင့် သက်ဆိုင်သောနေရာများတွင် ပြည်တွင်းကုန်ကြမ်းများအား တတ်နိုင်သမျှ အသုံးပြုပါသည်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး

စက်ရုံစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုံခြုံစိတ်ချရသော လုပ်ငန်းခွင်နှင့် လုပ်ငန်းသုံးပစ္စည်းများအား ပံ့ပိုးပေးပါသည်။ အကြွင်းမဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဖြစ်မြောက်စေရန် အစွမ်းကုန်အားသွန်ခွန်စိုက်ကြိုးပမ်းလျှက်ရှိပါသည်။
Safety first