အရည်အသွေးအမြင့်ဆုံး စိတ်ကြိုက်ပြုပြင်၍ရသော အဆောက်အအုံ

ကျွန်ုပ်တို့၏ “Modular Building” ကုန်ပစ္စည်းအမျိုးအစားသည် ပုံမှန်အိမ်ပုံစံ၏ သက်တောင့် သက်သာရှိမှုနှင့် Modular ဆောက်လုပ်ရေးစနစ်၏အကျိုးကျေးဇူးကိုတပြိုင်နက်ရရှိလိုသော ဝယ်သူများအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ အလင်းရောင်လုံလုံလောက်လောက်ရ၍ စွမ်းအင်ချွေတာနိုင်သော ခေတ်မီဒီဇိုင်းများနှင့် စိတ်တိုင်းကျရွေးချယ်စရာ အရည်အသွေးမြင့်ပစ္စည်း အမြောက်အများ ထပ်မံပေါင်းထည့်၍ရရှိနိုင်သော အရည်အသွေးအမြင့်ဆုံး Module ဖြစ်ပါသည်။

ကုန်ပစ္စည်းအရည်အသွေးအားမီးမောင်းထိုးပြခြင်း

ပုံမှန်အသုံးပြုလေ့ရှိကြသော ပုံစံများ : ကျောင်းများ ၊ ရုံးခန်းများ ၊ အခမ်းအနားသုံးများ ၊ ဆိုင်ခန်းများနှင့် ယာယီသုံး အဆောက်အအုံများ…..

ဥပမာ အနေနှင့်ဖော်ပြထားသော အဆောက်အဦးများ

ရွေးချယ်စရာများပြားသော ဒီဇိုင်းများနှင့် အသုံးပြုပုံများအား မြင်သာစေရန်အတွက် အောက်ဖော်ပြပါ အဆောက်အဦးများပုံစံများအား ယခင်ဝယ်ယူခဲ့သူများထံမှ ဓါတ်ပုံရယူခဲ့ပါသည်။ ပရောဂျက် တစ်ခုစီတိုင်းသည် အများနှင့်မတူပဲ ထူးခြားဆန်းပြားသောကြောင့် ဥပမာအနေနှင့်ပြသရန် အသင့်တော်ဆုံးဖြစ်ပါသည်။ အဆောက်အဦးပြီးဆုံးသောအခါတွင် သင့်လိုအပ်ချက်များနှင့် ကိုက်ညီစေရန် လုပ်ငန်းစဉ် အစမှသည် အဆုံးအထိ သင့်တော်သော အကြံဉာဏ်များပေး၍ ဆောင်ရွက်ပေးနေပါသည်။ သင့်ပရောဂျက် အောင်မြင်စေရေးအတွက် ကျွန်ုပ်တို့၏ ၁၀ နှစ်ကျော်သက်တမ်းရှိ အတွေ့အကြုံကိုအားကိုးလိုက်ပါ။ အစပိုင်းတွင် သင့်ပရောဂျက်နှင့် Modular ဆောက်လုပ်ရေးနှင့် မကိုက်ညီနိုင်ဟု ထင်မှတ်နေလျှင်တောင်မှ ကျွန်ုပ်တို့သည် နိုင်ငံခြားက နာမည်ကြီး အစီစဉ်တင်ဆက်သူအတွက် အသံသွင်းစတူဒီယိုဆောက်ပေးဖူးသည်ကို သတိရလိုက်ပါ။ ဒီဇိုင်းများ၊ အသုံးပြုမှုများနှင့် သွင်ပြင်များမှာ အတိုင်းအဆမဲ့ ကျယ်ပြောလွန်းပါသည်……

ကျောင်းများ

ကျွန်ုပ်တို့၏ အဆောက်အဦးများသည် အန္တရာယ်လုံးဝမရှိစေသော ဒီဇိုင်းနှင့် VOC လုံးဝမပါဝင်သော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားပြီး ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအတွက် ဥရောပစံချိန်စံနှုန်းနှင့်အညီ ထုတ်လုပ်ထားပါသည်။ စာသင်ခန်းများသည် မီးဒဏ်၊ ငလျင်ဒဏ်အားခံနိုင်ရည်ရှိပြီး အသံလုံသောကြောင့် ဂီတသင်ခန်းစာသင်ကြားသောအခန်းအဖြစ် သင့်လျော်စွာ အသုံးပြုလျက်ရှိပါသည်။

ရုံးခန်းများ

သက်တောင့်သက်သာရှိခြင်း၊ အလွယ်တကူတိုးချဲ့နိုင်ခြင်း၊ အလင်းရောင်လုံလောက်မှုရှိခြင်း၊ ရုံးသုံးအနေနှင့်ပင် ပုံစံအမျိုးမျိုးနှင့်အသုံးပြုနိုင်ခြင်း : ရုံးခန်းများ ၊ အစည်းအဝေးခန်းများ၊ သန့်စင်ခန်းများ၊ ဧည့်ကြိုခန်း ကောင်တာ၊ စားသောက်ခန်း စသည်ဖြင့်……….

အခမ်းအနားများ၊ ဆိုင်ခန်းများနှင့် ယာယီအဆောက်အအုံများ

အခြေခံစံနှုန်းများနှင့်ချက်ချင်းရရှိနိုင်ပြီး ဌားရမ်းပေးပါသည်။

လိုသလိုပြုပြင်ပြောင်းလဲနိုင်ခြင်း

Modular ဆောက်လုပ်ရေး၏ အားသာချက်များကိုလိုအပ်သော ပရောဂျက် လက်ဝယ်ရှိနေပါသလား? ကျွန်ုပ်တို့က သင့်အား ကူညီရန်အသင့်ရှိနေပါသည်။ မည်သည့်နေရာတွင်မဆို ကန့်သတ်ချက်မရှိ အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းသုံး အဆင့်မြင့် အသံသွင်းစတူဒီယို နှင့် နောက်ခံစကားပြော အသံသွင်းစတူဒီယိုများကိုပင် ဆောက်လုပ်ပေးခဲ့ပါသည်။